Local News

မကွေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ၏စျေးနှုန်းနှင့်ရောင်းဝယ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီး ကုန်စည်ဒိုင် (၈) ခုအနက် ဆင်ဖြူကုန်စည်ဒိုင်သည် ယခင်က အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်၊ မေလမှစပြီး အရောင်းအဝယ် ရပ်နား ထားခဲ့ပါသည်။ ယခုလက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် ကုန်စည်ဒိုင်များ၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းအခြေအနေများမှာ -

(က) မကွေးကုန်စည်ဒိုင်။     မကွေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် နှမ်းညိုကြား၊ ထောပတ်ပဲနှင့် မတ်ပဲစျေးတက်ခဲ့ပြီး၊ မြေပဲဆီဆံ၊ ပဲနောက်၊ ကုလားပဲ ဟော်လန်နှင့် စားတော်ပဲစျေးကျခဲ့ပါသည်။ ကျန်သီးနှံများ စျေးငြိမ်နေပြီး၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ ယခင်တစ်ပတ်ထက် လျော့နည်းခဲ့ပါသည်။

(ခ) ပခုက္ကူကုန်စည်ဒိုင်။       ပခုက္ကူကုန်စည်ဒိုင်တွင် ယခုတစ်ပတ် စွန်တာနီစျေးငြိမ်နေ ပြီး၊ ကုလားပဲ(v2)၊ ပဲစဉ်းငုံနီ(သစ်)နှင့် ပဲယင်း စျေးတက်ခဲ့ပါ သည်။ ကျန်သီးနှံများ စျေးနှုန်း ကျဆင်းခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခင်တစ်ပတ်ထက် ပိုမိုခဲ့ပါသည်။

Category: Local News